ကျွန်ုပ်တို့အကြောင်း

IDG သည် ကုန်အမှတ်တံဆိပ်များအတွက် ထုတ်ကုန်ဒီဇိုင်းအသစ် အကာကွယ်ပေးခြင်းနှင့် ဈေးကွက်တွင် ရောင်းချနိုင်စေရန် တီထွင်မှုမူပိုင်ခွင့် နှင့် ဆန်းသစ်တီထွင်မှုများအား အကြံပေး ၀န်ဆောင်မှုများ ဆောင်ရွက်ပေးနေသော ကုမ္ပဏီ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊မြန်မာနိုင်ငံ နှင့် အာဆီယံနိုင်ငံ တို့ တွင် ရုံးအခြေစိုက်ပြီး ၎င်းတို့တွင်ရှိသော မူပိုင်ခွင့်ရှေ့နေများ၊ ဆန်သစ်တီထွင်မှုဆိုင်ရာကျွမ်းကျင်သူများ၊ ကုန်ပစ္စည်းဒီဇိုင်းနာများ၊ တီထွင်မှုဆိုင်ရာကိုယ်စားလှယ်များ၊ အင်ဂျင်နီယာများ၊ လုပ်ငန်းလိုင်စင် နှင့် လုပ်ငန်း လုပ်ပိုင်ခွင့်ဆိုင်ရာကျွမ်းကျင်သူများ မှ လူကြီးမင်း၏ အဖိုးမဖြတ်နိုင်သော အတွေးအခေါ် အကြံအစည်များကို အကောင်းဆုံးကုန်စည်နှင့် ၀န်ဆောင်မှုများဖြစ်အောင် ကူညီဆောင်ရွက် ပေးနိုင်ပါသည်။

ကျွန်ုပ်တို့သည် တစ်သီးပုဂ္ဂလလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ SME လုပ်ငန်းရှင်‌ပေါင်း ၃၀၀၀ ကျော်ဖြင့် လက်တွဲ လုပ်ကိုင်လျက်ရှိပါသည်။

Our Team

ကျွန်ုပ်တို့၏၀န်ဆောင်မှုသည်လူကြီးမင်းတို့အတွက်သင့်တော်သော၀န်ဆောင်မှုဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းရှင်များ

ဈေးကွက်အတွင်းယှဥ်ပြိုင်မှုများလာသည်နှင့်အမျှ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ ထိတွေ့ကိုင်တွယ်၍ မရသောမူပိုင်ခွင့်များကို အကာအကွယ်ပေးခြင်းနှင့် စီမံခန့်ခွဲမှုများသည် လက်ရှိကာလ၌ လွန်စွာအရေး ပါလာပါသည်။ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏ ကြုံတွေ့နိုင်သော အခက်အခဲများကို လေ့လာ အကဲဖြတ်ပြီး ထိုအခက်အခဲများကို လုပ်ငန်း၏ အားသာချက်များအဖြစ် ပြောင်းလဲနိုင်ရန်အတွက် ကူညီပေးနိုင်ပါသည်။

အင်ဂျင်နီယာနှင့်သိပ္ပံပညာရှင်များ

တိုးတက်အောင်မြင်၍ရေရှည်တည်တံသောအဖွဲ့စည်းတစ်ခုဖြစ်စေရန်အတွက် ဆန်းသစ်တီထွင်မှုသည် အဓိကအချက်ဖြစ်ပါသည်။ကျွန်ုပ်တို့သည် လူကြီးမင်း တို့၏ လုပ်ငန်းအတွက်အောင်မြင်နိုင်သည့်အလားလာ ရှိသော ရှာဖွေသုံးသပ်မှုများကို အကာအကွယ်ပေးခြင်း၊ ဈေးကွက်တွင် ရောင်းချနိုင်ရန် ကူညီဆောင်ရွက်‌ပေးနိုင်ပါသည်။

အနုပညာရှင်များနှင့်ဂီတပညာရှင်များ

တီထွင်ဖန်တီးသူများအနေဖြင့် မိမိတို့ဖန်တီးမှုများ၏ အခွင့်အ‌ရေးနှင့်အကျိုးအမြတ်များကိုရရှိစေရန်အတွက် ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏ဖန်တီးမှုများကို အခြားသူများက အခွင့်မရှိဘဲ ကူးယူအသုံးပြုခြင်းအား ကာကွယ်နိုင်ရန် ကူညီဆောင်ရွက်‌ပေးနိုင်ပါသည်။

ထုတ်ကုန်ဒီဇိုင်းနာများ

ထုတ်ကုန်ဒီဇိုင်းနာများအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို သိရှိနားလည်မှသာ မိမိတို့၏ တီထွင်မှုများကို အခြားပြိုင်ဘက်များက တုပကူးယူခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

အမှုဆောင်အရာရှိ

ယနေ့ခေတ်စီးပွားရေးလုပ်ငန်းများသည် ထိတွေ့ ကိုင်တွယ်၍ မရသောဒြပ်မဲ့ပစ္စည်းများကို ပိုမိုပိုင်ဆိုင် လာကြပြီး ထိုပိုင်ဆိုင်မှုကပင် ယှဉ်ပြိုင်မှု အကျိုးကျေးဇူး များကို ဖြစ်စေ နိုင်သည်ဟု လက်ခံလာ ကြသည်။ ထို့ကြောင့် ကောင်းမွန်သောစီမံခန့်ခွဲမှု နှင့် လုပ်ငန်းစဉ်များက လူကြီးမင်း၏လုပ်ငန်းအား အောင်မြင်မှု ရရှိစေရန်အတွက် အထောက်အပံ့ပေးနိုင်ပါသည်။

ရှေ့နေ

လူကြီးမင်းတို့သည် မူပိုင်ခွင့်ဆိုင်ရာ တရားစွဲဆိုခြင်း နှင့်ပတ်သက်၍ အကူအညီလိုအပ်ပါက ကျွန်ုပ်တို့က လူကြီးမင်းနှင့် လူကြီးမင်း၏ customers များအတွက် မူပိုင်ခွင့်ဆိုင်ရာကိစ္စများအား အကြံပေးခြင်းများကို ကူညီပေးနိုင်ပါသည်။

Intellectual Design Group Company Limited (Thailand HQ)

Indegroup Myanmar Co., Ltd. (Myanmar Office)

Contact Us

© Copyright 2019 Intellectual Design Group (IDG) Co., Ltd.